အကြောင်းအရာသို့ သွားရန်
Google Play Games
ပင်မအကြောင်းအရာ အစ။
Google Play Games

မိုဘိုင်းနှင့် PC တို့တွင် အနှောင့်အယှက်မရှိ ဂိမ်းကစားခြင်း

သင်၏ဂိမ်းကို ရှာခြင်း

မိုဘိုင်းနှင့် PC ရှိ ကမ္ဘာ့အဆင့် အမျိုးအစား ဂိမ်း ၂၀၀,၀၀၀ ကျော်ကို စူးစမ်းပြီး သင်နှင့်ကိုက်ညီသည့် ဂိမ်းကို ရှာပါ

ဆုလာဘ်များ စုဆောင်းခြင်း

Google Play ရမှတ်များ ရရှိပါက ၎င်းတို့ကို ဂိမ်းဝယ်ယူမှုများတွင် သုံးနိုင်ပြီး Points အဖွဲ့ဝင်အဖြစ် အထူးသီးသန့်ခံစားခွင့်များ ရယူနိုင်သည်

ဂိမ်းအပ်ဒိတ်များ ရယူခြင်း

အကြိုက်ဆုံးဂိမ်းများ၏ အပ်ဒိတ်နှင့် သင့်ကိုယ်ပိုင် ဂိမ်းကစားသည့်အောင်မြင်မှုအားလုံးကို အဆင်ပြေလွယ်ကူသော ‘သင်’ တဘ် တစ်ခုတည်းတွင် ထားရှိသည်

ရှေ့ဆက်ပြီးနောက် PC သုံး Google Play Games အတွက် အီးမေးလ်ရပါမည်
ပိုမိုလေ့လာရန် လှိမ့်ပါ

သင့်စက်များတွင် အထစ်အငေါ့မရှိ ကစားပါ

သွားရင်းလာရင်း ဖုန်းတွင် ကစားနေသည်ဖြစ်စေ၊ ပိုကြီးသောစခရင်၊ ပိုကောင်းသော အထိန်းအချုပ်တို့ဖြင့် PC တွင် စိတ်ဝင်တစားကစားနေသည်ဖြစ်စေ ရပ်ထားခဲ့သည့်နေရာမှ ပြန်စနိုင်ရန် သင့်ဂိမ်းဒစ်ဂျစ်တိုက်နှင့် ဂိမ်းအခြေအနေကို စင့်ခ်လုပ်ပါ

သင့်အတွက် သင့်တော်သောဂိမ်း ရှာခြင်း

မိုဘိုင်းနှင့် PC တွင် ဂိမ်းပေါင်း ၂၀၀,၀၀၀ ကျော် ရှိပြီး Google Play Games တွင် လူတိုင်းအတွက် ဂိမ်းတစ်ခု ရှိပါသည်။ ဂိမ်းတစ်ခုစီအကြောင်း အကြံပြုချက်များနှင့် ပြည့်စုံသော အချက်အလက်များ ရယူခြင်းဖြင့် မည်သည့်ဂိမ်းကို နှစ်ခြိုက်မည်ဖြစ်ကြောင်း သိနိုင်သည်။ မိုဘိုင်း နှင့် PC တွင် ရနိုင်သော ဂိမ်းများကို ကြည့်လိုက်ပါ။

Play Points ကမ်းလှမ်းချက်များ
Play Points
ဆုနှင့် ဆုလာဘ်များ
အကြွေစေ့သံ
Badges

ဆုလာဘ်များ ရရှိအောင် ကစားပါ

Google Play ၏ ကျေးဇူးတုံ့ပြန် ပရိုဂရမ်ဖြစ်သော Google Play ရမှတ်များဖြင့် အဆင့်မြင့်ဆုလာဘ်များ ရယူပါ။ ၎င်းဖြင့် လျှော့ဈေးများ၊ ဂိမ်းတွင်း ပစ္စည်းများအတွက် သုံးရန် အမှတ်နှင့် ဆုလာဘ်များလည်း ရရှိနိုင်သည်။ Play ရမှတ် များများရလေ ပိုပြီးပြိုင်ဘက်ကင်းသော ဆုလာဘ်၊ အကျိုးခံစားခွင့်များ ရလေဖြစ်ပြီး သင်ရရှိမည့်အတွေ့အကြုံကို ငွေဖြင့်မဝယ်ယူနိုင်ပါ။ ယခုပင် ပါဝင်ရန်

ဆက်တိုက်
လျှော့ဈေးများ
ဂိမ်းများ
အောင်မြင်မှုများ

စုစည်းထားသော ဂိမ်းကစားသည့်အချက်အလက်

‘သင်’ တဘ်၏ အလယ်တွင် ‘သင်၏ဂိမ်းကစားသူ ပရိုဖိုင်’ ရှိသည်။ မိုဘိုင်းပေါ်ရှိ ပရိုဖိုင်သင်္ကေတကို နှိပ်ခြင်းဖြင့် ‘သင်’ တဘ်မှ ‘ဂိမ်းကစားသူ ပရိုဖိုင်’ သို့ အချိန်မရွေး အလွယ်တကူပြောင်းနိုင်သည်။ မိုဘိုင်းနှင့် PC တွင် ပရိုဖိုင်တစ်ခုတည်းဖြင့် သင်၏ဂိမ်းများရှိ အခြေအနေများ၊ ဆက်တိုက်ဖြစ်မှု၊ တိုးတက်မှုနှင့် အောင်မြင်မှုများကို အလွယ်တကူ ခြေရာခံနိုင်သည်။ ပြီးစီးမှုတိုင်း၊ အောင်ပွဲတိုင်းအတွက် ဤနေရာတွင် ဆင်နွှဲလိုက်ပါ။

ဂိမ်းထဲတွင်ရှိနေစဉ် အမြဲသိနေအောင်လုပ်ပါ

Gemini Live ပါသော ‘Google Play Games အကူ’ သည် ဂိမ်းမှထွက်စရာမလိုဘဲ သင်၏အခြေအနေ၊ အောင်မြင်မှုနှင့် အကြံပြုချက်များကို အလွယ်ဝင်ကြည့်နိုင်စေသော ဂိမ်းအဖော် ဖြစ်သည်။ ကစားနေစဉ် Gemini Live ထံမှ အချိန်နှင့်တစ်ပြေးညီ ပြန်လှန်စကားပြောသော လမ်းညွှန်ချက်ကိုလည်း ရနိုင်သည်။ Google Play မှ ဒေါင်းလုဒ်လုပ်ထားသော ဂိမ်းများ ကစားနေစဉ်သာ အကူကို ရနိုင်ပြီး မကြာမီ မိုဘိုင်းတွင် သုံးနိုင်ပါမည်။

သင်၏ကစားခြင်းကို Google ဖြင့် လုံခြုံအောင်လုပ်ခြင်း

Google မှ လုံခြုံရေး၊ အကာအကွယ်တို့ဖြင့် မိုဘိုင်းနှင့် PC တွင် ယုံကြည်မှုရှိရှိ ကစားပါ။ Google Play သည် သင်၏ဒေတာနှင့် စက်ပစ္စည်း လုံခြုံနေစေရန် ကျွန်ုပ်တို့ကမ်းလှမ်းသော ဂိမ်းတိုင်းတွင် လုံခြုံရေး စစ်ဆေးမှု ၁၀,၀၀၀ ကျော်ကို လုပ်ဆောင်ပါသည်။

မကြာခဏမေးတတ်သော မေးခွန်းများ

Google Play Games သည် စက်များကြားသုံးနိုင်သော ဂိမ်းကစားခြင်းကို ပိုမိုချောမွေ့စေခြင်းဖြင့် မိုဘိုင်း၊ တက်ဘလက်များနှင့် PC တို့တွင် ဂိမ်းကစားခြင်းကို မြှင့်တင်ပေးသည်။ ဤအသုံးပြုမှုတွင် မိုဘိုင်းနှင့် PC တို့အတွက် ဂိမ်းကစားသူ ပရိုဖိုင်တစ်ခု၊ စက်များတွင် ကစားနိုင်သည့် ကြီးမားသောဂိမ်းကတ်တလောက်၊ ဂိမ်းကစားစဉ် ရရှိနိုင်သော ဆုလာဘ်များ၊ စုစည်းထားသည့် ဂိမ်းကစားရန် အချက်အလက်များနှင့် ဂိမ်းမှထွက်စရာမလိုဘဲ အချက်အလက်များကို အလွယ်ဝင်ကြည့်နိုင်စေသော ဂိမ်းအဖော်ဖြစ်သည့် Gemini Live ပါသော ‘Google Play Games အကူ’ တို့ ပါဝင်သည်။ ‘သင်’ တဘ်နှင့် ‘အကူ’ တို့ကို မိုဘိုင်းတွင် ဦးစွာစတင်မည်။
မိုဘိုင်းတွင် စတင်ရန်အတွက်-
  1. Android တွင် Google Play Store အက်ပ် ဖွင့်ပါ
  2. ပရိုဖိုင်ပုံကို တို့ပါ
  3. ထို့နောက် “Google Play Games တွင် ပါဝင်ရန်” ကို တို့ပါ
  4. ဂိမ်းကစားသူ ပရိုဖိုင်ပြုလုပ်ရန် အဆင့်များအတိုင်း လုပ်ဆောင်ပါ။

PC မှတစ်ဆင့်လည်း Google Play Games တွင် ပါဝင်နိုင်သည်-
  1. Windows ဒက်စ်တော့ (သို့) လက်ပ်တော့တွင် Google Play Games ကို ဒေါင်းလုဒ်လုပ်ပါ
  2. .exe ဖိုင်ဖွင့်ပြီး မျက်နှာပြင်ပေါ်ရှိညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပါ
  3. PC သုံး Google Play Games မှတစ်ဆင့် သင်၏အကောင့်ကို စနစ်ထည့်သွင်းပါက Google Play Games ပရိုဖိုင်ကို အလိုအလျောက် စီစဉ်သတ်မှတ်ပေးသည်။ အားလုံးအဆင်သင့်ပါ။

ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ ကူညီရေးဌာန ဆောင်းပါးကို ကြည့်ပါ။ PC သုံး Google Play Games က ဒေသ ၁၄၀ ကျော်တွင် ရနိုင်သည်။ ယင်းဒေသများတွင် သတ်မှတ်ချက်ပြည့်မီသောစက်ရှိသည့် မည်သူမဆို PC ၌ ကစားနိုင်သည်။
သုံးနိုင်ပါသည်။ Android မိုဘိုင်းစက်ကိရိယာမရှိလျှင်ပင် Google Play Games ကို သင့် Windows PC စက်တွင် သုံးနိုင်သည်။ iOS မိုဘိုင်းစက်ကိရိယာများတွင် ရနိုင်သော ဂိမ်းအများအပြားကို PC သုံး Google Play Games တွင်လည်း ကစားနိုင်သည်။
Google Account တစ်ခုလျှင် ဂိမ်းကစားသူ ပရိုဖိုင်တစ်ခုကိုသာ စီစဉ်သတ်မှတ်နိုင်သည်။ Google Account အမြောက်အမြားရှိပါက ဂိမ်းကစားသူ ပရိုဖိုင်အများအပြား ပြုလုပ်နိုင်သည်။
မလိုပါ။ မိုဘိုင်း (သို့) PC တွင် Google Play Games သုံးရန် ငွေပေးချေစရာ မလိုပါ။ သို့သော် ဂိမ်းကစားရာတွင် ဂိမ်း (သို့) ဂိမ်းတွင်း ပစ္စည်းများအတွက် ငွေပေးရနိုင်သည်။
စက်များတွင် အကြီးစားဂိမ်းရွေးချယ်မှု ရှိသည်။ မိုဘိုင်း နှင့် PC တွင် ရနိုင်သည်များကို ရှာပါ။
Android မိုဘိုင်းစက်ကိရိယာတွင် ဂိမ်းများထည့်သွင်းရန်အတွက် Google Play Store ဖွင့်ပါ။ ဂိမ်းရှာပြီး “ထည့်သွင်းရန်” ကို တို့ပါ။ PC တွင် ဂိမ်းများထည့်သွင်းရန်အတွက် PC ၌ Google Play Games စနစ်ထည့်သွင်းပြီးနောက် ဂိမ်းရှာပြီး “ထည့်သွင်းရန်” ကို နှိပ်ပါ။
Google Play Games တွင် မပါဝင်ပါက Android မိုဘိုင်းစက်ကိရိယာ၌ ‘သင်’ တဘ် (သို့) ‘Google Play Games အကူ’ ကဲ့သို့ အချို့သောတူးလ်များကို သုံးခွင့်ရမည်မဟုတ်ပါ။
သင်၏ Play Games ပရိုဖိုင်ကို ဖျက်နည်းအကြောင်း ဤနေရာ တွင် လေ့လာနိုင်သည်။
သင့် PC သည် ဤအနိမ့်ဆုံးသတ်မှတ်ချက်များနှင့် ကိုက်ညီရမည်-
  • Windows 10 (v2004)
  • သိုလှောင်ခန်း နေရာလွတ် ၁၀ GB ရှိသော Solid state drive (SSD)
  • IntelⓇ UHD ဂရပ်ဖစ် 630 GPU သို့မဟုတ် အလားတူ
  • ပကတိ CPU ကိုးလ် ၄ ခု
  • RAM ၈ GB
  • Windows စီမံခန့်ခွဲသူအကောင့်
  • ဟာ့ဒ်ဝဲ ပကတိအသွင်လုပ်ဆောင်ခြင်းကို ဖွင့်ထားရမည်

Google Play Games

ပါဝင်လုပ်ဆောင်ပါ

ရှေ့ဆက်ပြီးနောက် PC သုံး Google Play Games အတွက် အီးမေးလ်ရပါမည်