ကျွန်တော်တို့က ရောင်းကြတာက ရှာဖွေမှု ရလဒ်များ မဟုတ်ဘဲ ကြော်ငြာတွေ ဖြစ်ကြတာ ဘာကြောင့်လဲ။

အရာအားလုံးကို ရောင်းနေကြသည့်ကမ္ဘာကြီးတွင်၊ ကြော်ငြာထည့်သွင်းသူများသည် ကျွန်ုပ်တို့၏ ရှာဖွေမှုရလဒ်များတွင် ပိုကောင်းသည့်နေရာကို ဘာ့ကြောင့်မဝယ်နိုင်သလဲ။

အဖြေက ရိုးရိုးလေးပါ။ Google ကိုသုံးပြီး သင်ရှာတွေ့ခဲ့သည်ကို ယုံကြည့်သင့်ပါသည်။ အစကတည်းက ရှာဖွေမှု၏လမ်းကြောင်းသည် အသုံးပြုသူများကို အသင့်တော်ဆုံးအဖြေများ ပေးရန်ဖြစ်ပါသည်။

Google ရှာဖွေမှုရလဒ်များသည် ဝဘ်စာမျက်နှာနှင့်ချိတ်ဆက်ထားသည့် အကောင့်နှင့် ၎င်းစာမျက်နှာတွင်ရှိသည့် အကြောင်းအရာသည် သင့်ရှာဖွေမှုနှင့် မည်မျှဆက်စပ်မှုရှိသည်ကို ထည့်တွက်ပါသည်။ ကျွန်ုပ်တို့၏ ရလဒ်များသည် လူ့အဖွဲ့အစည်းက အရေးကြီးသည်ဟုထင်သည့်အရာများသာဖြစ်ပြီး၊ ကျွန်ုပ်တို့ သို့မဟုတ် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များက သင်တွေ့သင့်သည်ဟု ထင်သည့်အရာများ မဟုတ်ပါ။

ဆက်စပ်မှုရှိသည့် ကြော်ငြာများသည် အမှန်တကယ်ရှာဖွေမှုရလဒ်များကဲ့သို့ပင် အသုံးဝင်သည်ဖြစ်ရာ၊ မည်သည်ကရှာဖွေမှုရလဒ်နှင့် မည်သည်ကကြော်ငြာဖြစ်သည်ကို မည်သူ့ကိုမျှ မရှုပ်ထွေးစေလိုပါ။

Google ပေါ်ရှိကြော်ငြာတစ်ခုစီတိုင်းကို အမှတ်အသားများပြုလုပ်ထားပြီး အမှန်တကယ်ရှာဖွေမှုရလဒ်များနှင့် ခွဲခြားထားပါသည်။ ကြော်ငြာထည့်သွင်းသူများသည် ကြော်ငြာကဏ္ဍတွင် ပိုကောင်းသည့်နေရာတွင်ပြပေးရန် ဝယ်နိုင်သော်လည်း၊ ရှာဖွေမှုရလဒ်များတွင်တော့ ပိုကောင်းသည့်နေရာကို ဝယ်၍မရပါ။ ဒါတင်မကသေးဘဲ၊ ကြော်ငြာများသည် သင်ထည့်သွင်းခဲ့သည့် ရှာဖွေမှုစည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမှသာ ပြသခြင်းဖြစ်ပါသည်။ ထို့ကြောင့် အသုံးဝင်သည့်ကြော်ငြာများကိုသာ သင်တွေ့မည်ဖြစ်ပါသည်။

အချို့အွန်လိုင်းဝန်ဆောင်မှုများသည် ရှာဖွေမှုရလဒ်များနှင့် ကြော်ငြာအကြား ကွဲပြားမှု၏ အရေးပါပုံကို မယုံကြည်ကြပါ။

ကျွန်တော်တို့က ယုံကြည်ပါသည်။